၃၂ ကြိမ်မြောက်အရှေ့ တောင်အာရှအားကစားပြိုင်ပွဲ

၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့မှ (၁၇)ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် (၃၂)ကြိမ်မြောက်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံကိုယ်စားပြု အားကစားသမားများသည် မြန်မာအမျိုးသားလေကြောင်းဖြင့် ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံ၊ဖနွမ်းပင်မြို့သို့ ဧပြီလ ၂၇ ရက်နေ့တွင် ပထမအသုတ် စတင်ထွက်ခွာခဲ့ပြီဖြစ်ပါသည်။မြန်မာနိုင်ငံကိုယ်စားပြု အားကစားအဖွဲ့များအနေဖြင့် အောင်မြင်မှုဆုတံဆိပ်များရရှိပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။