Fourth time Bangkok Relief Flight

မြန်မာအမျိုးသားလေကြောင်း (MNA) မှပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့်ညှိနှိုင်းပူးပေါင်း၍ ထိုင်းနိုင်ငံသို့ အလုပ်လုပ်ကိုင်ရန် လုပ်ငန်းခွင်သို့ အချိန်မီ ဝင်ရောက်ရန် လိုအပ်နေသည့် အလုပ်သမားများ၊ ပြည်ပတွင် ပညာသင်ကြားရန် သွားရောက်ကြရမည့် ပညာသင် ကျောင်းသူ၊ ကျောင်းသားများ၊ စုစုပေါင်းခရီးသည် (၆၄)ဦးအား ကယ်ဆယ်ရေးလေယာဉ် UB-2017 ဖြင့် ပို့ဆောင်ပေးခဲ့ပြီး ထိုင်းနိုင်ငံမှ နေရပ်သို့ ပြန်မည့်မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံရှိ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ သံရုံးနှင့်ညှိနှိုင်းပူးပေါင်း၍ မြန်မာနိုင်ငံသား ခရီးသည် (၈၃)ဦးအား UB-2018 ဖြင့် (၄)ကြိမ်မြောက် မြန်မာနိုင်ငံ သို့တင်ဆောင်ပျံသန်းခဲ့ပါသည်။
 
In coordination with the Ministry of Foreign Affairs of the Republic of the Union of Myanmar, Myanmar National Airlines (MNA) transported total passenger (64), Workers in need of timely entry to work in Thailand, Students who going to study abroad, with UB-2017. And Myanmar National Airlines (MNA) operated fourth time Bangkok Relief Flight in cooperation with Embassy of Myanmar in Thailand, we are honored to bring back 83 Myanmar passengers home with UB-2018.